အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်ပွဲကို ဇွန်လအတွင်းကျင်းပရန် စီစဉ်

ရန်ကုန် ဖေဖော်ဝါရီ ၂၅

MMAမစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ပွဲကို ယခုနှစ်ဇွန်လအတွင်း ကျင်းပရန် စီစဉ်ထားကြောင်း လိုက်ဟဲဗီး ၀တိ တ် န်း နငှ့် မစဒ် ယ၀် တိ တ် န်းကမ္ဘာချန်ပီယံ အောင်လအန်ဆန်က ထုတ်ဖော်ပြောကြား သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ၂၀၁၇ ခုနှစ် ဇွန်လက ရယူနိုင်ခဲ့ပြီး လိုက်ဟဲဗီးဝိတ် တန်းချန်ပီယံဆု ကို ဖေဖော်ဝါရီ ၂၃ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် လိုက်ဟဲဗီးဝိတ်တန်းတွင် ပြိုင်ဘက် ဘရာဇီးနိုင်ငံသားမာချာဒိုကို ပထမအချီ ၅၆ စက္ကန့်တွင် ဒိုင်ပွဲရပ် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

“ရရှိထားတဲ့ ချန်ပီယံခါးပတ်နှစ်ခုစလုံးကို အတတ်နိုင်ဆုံး ကာကွယ်မှာပါ။ အနီးစပ်ဆုံး အနေနဲ့ဇွန်လလောက်မှာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲယှဉ်ပြိုင်ဖို့ရှိတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံမှာလုပ်မယ်ဆိုတာ မသေချာ သေးပါဘူး။ ဒါကို ပွဲစီစဉ်သူတွေပဲ သိပါ လိမ့်မယ်”ဟု အောင်လအန်ဆန်က ပြော သည်။

အောင်လအန်ဆန်သည် မတူညီသည့် ၀ိတ်တန်းနှစ်ခုတွင် ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သော ပြိုင်ပွဲသုံးခု အတွက် ကိုယ်အလေးချိန်အတက်အကျ များစွာပြုလုပ်ခဲ့ရသည်။ သို့သော် ဇွန်လ အတွင်း ယှဉ်ပြိုင်ရမည့် မစ်ဒယ်ဝိတ်တန်း အတွက် ကိုယ်အလေးချိန်လျှော့ချရာတွင် အခက်အခဲရှိမည်မဟုတ်ကြောင်းနှင့် ပတ်သက် ၍ “ကိုယ်အလေးချိန်လျှော့ချလိုက်ရလို့ အခက်အခဲမရှိပါဘူး။ ကျွန်တော့်အသက်က ၃၃ နှစ်ပြည့်တော့ မှာပါ။ ဒါကြောင့် ကျွန်တော် အချိန်မဖြုန်းချင်ဘူး။ အခုရထားတဲ့ ခါးပတ် နှစ်ခုကိုပဲ ကာကွယ်ဖို့အတွက် ပြင်ဆင်မယ်။ မစ်ဒယ်ဝိတ်တန်းမှာ ကျွန်တော့်ကို စိန်ခေါ်ချင်တဲ့သူတွေ အများကြီးရှိတယ်။ ဒါကြောင့် ခါးပတ်ကို ကာကွယ်ဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်” ဟု အောင်လအန်ဆန်က ပြောသည်။

အောင်လအန်ဆန်သည်MMAသမိုင်း တစ်လျှောက် ၀ိတ်တန်းနှစ်ခု၌ ဒုတိယမြောက် ချန်ပီယံခါးပတ် ရထားသူ ဖြစ်သည်။  (MWD)