ရုရှားက 5G ကို ကျော်ပြီး ကိုယ်ပိုင် 6GB ကွန်ရက် တည်ဆောက်မည်

ရုရှားက 5G ကွန်ရက်ကို မတည်ဆောက်တော့ဘဲ 6G ကွန်ရက်ကို တိုက်ရိုက် တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ Skolkovo Institute of Science and Technology နဲ့ the Institute of Radio Manufacturing Science တို့ဟာ 6G ဆက်သွယ်ရေး စံနှုန်းကို သုတေသနပြုဖို့ ရူဘယ် ၃၀ ဘီလီယမ်ကျော် ရရှိမှာပါ။ရုရှား ဒုတိယဝန်ကြီး Dmitry Chernyshenko က ဩဂုတ်လ ၁ ရက်နေ့မှာ 6G ကို သုတေသနပြုဖို့အတွက် ရန်ပုံငွေတွေ ထောက်ပံ့ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ပြောထားပါတယ်။

ဒါဟာ ထူးဆန်းတယ်လို့ ပြောရမှာပါ။ ရုရှားဟာ လက်ရှိမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ 4G LTE ကို မရသေးပါဘူး။ အခုတော့ ကိုယ်ပိုင် 6G ကွန်ရက် တည်ဆောက်မယ်လို့ ပြောလာပါတယ်။ ရုရှား Carrier VimpelCom ကလည်း အဲဒီလို ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။လက်ရှိမှာ 6G ကွန်ရက်အတွက် အကူအညီပေး၊ အကြံပေးနိုင်တဲ့ ကုမ္ပဏီ အနည်းငယ်ပဲ ရှိပါသေးတယ်။ အများစုက အနောက်နိုင်ငံတွေက ဖြစ်ပါတယ်။ ဒါပေမယ့် Huawei နဲ့ တခြား တရုတ် ကုမ္ပဏီတွေလည်း ရှိနေပြီး အဲဒီ ကုမ္ပဏီတွေဟာ 6G ကို ဖန်တီးနေတာ တော်တော်ကြာနေပါပြီ။

Ref : gizchina