ဖုန်းအားသွင်းရာမှာ ရှောင်ကြဉ်သင့်တဲ့ နည်း ၃မျိုး

အိန္ဒိယက နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက် ရေးသားထားတဲ့ ဖုန်းအားသွင်းရာမှာ ရှောင်ကြဉ်သင့်တဲ့ နည်း ၃ မျိုးကို ဖော်ပြလိုက်ပါတယ်။ နံပါတ် တစ်ကတော့ ဖုန်းကာဗာများနဲ့ အားသွင်းတာကို ရှောင်ကြဉ်ရပါမယ်။ အရည်အသွေးညံ့ဖျင်းပြီး ဒီဇိုင်းဆိုးရွားတဲ့ ကာဗာတွေက ဖုန်းဘက်ထရီကို ပိုပြီး ပူစေသလိုအားသွင်းတဲ့ အရာတွေကိုလည်း တဖြည်းဖြည်း ပျက်စီးစေပါတယ်။ နံပါတ် နှစ်ကတော့ နေ့စဉ်တိုင်း fast charger ကို သုံးတာ ရှောင်ရပါမယ်။ ဘက်ထရီရဲ့ စွမ်းဆောင်နိုင်စွမ်းကို တဖြည်းဖြည်း ကျဆင်းနိုင်စေလို့ပါ။ နံပါတ် သုံးကတော့ ဖုန်းဘက်ထရီကို ၅ ရာခိုင်နှုန်းအောက် သုံးပြီးမှ အားသွင်းတာကို ရှောင်ရပါမယ်။ ဖုန်းကို အမြဲတမ်း ၅ရာခိုင်နှုန်းပဲကျန်အောင် သုံးပြီး မှအားသွင်းမယ်ဆိုရင် ဘက်ထရီကို ပိုပြီး ဖိအားပေးရာရောက်ပါမယ်။

#mobileguidejournal