အီလီနာ ရီဘာကီနာ က ဝင်ဘယ်ဒန်မှာ ဗိုလ်စွဲ

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီး တစ်ဦးချင်း ဗိုလ်လုပွဲမှာ ကာဇက်စတန် နိုင်ငံက တင်းနစ်မယ် အီလီနာ ရီဘီကီနာ က တူနီးရှားမှ ဂျာဘီယာကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူဗိုလ်စွဲသွားခဲ့ပါတယ်။

ရီဘာကီနာ ၂၃ နှစ် က ၃-၆ ၊ ၆-၂ ၊၆-၂ နဲ့အနိုင်ရပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အသက်အငယ်ဆုံး တစ်ဦးချင်း ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။ ပထမ ပွဲငယ်ပြီးချိန်မှာ သူ့ရဲ့ ကစားပုံတိုးတက်လာခဲ့ပြီး နိုင်ခြေ အဆင့်သုံး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ရီဘာကီနာ က မော်စကိုမှာ မွေးဖွားခဲ့ပြီး ရုရှား ကစားသမားတွေကို ဝင်ဘယ်ဒန် ကနေ ပိတ်ပင်ထားတဲ့နှစ်မှာ ဗိုလ်စွဲတာ ဖြစ်ပါတယ်။ ယူကရိန်းကို ရုရှား က ကျူးကျော်တာကို ကန့်ကွက်တဲ့ အနေနဲ့ ဝင်ဘယ်ဒန် က ရုရှားနဲ့ သူ့ရဲ့မဟာမိတ် ဘီလာရုစ်ကစားသမားတွေကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ ရီဘာကီနာ ကတော့ ငွေကြေးထောက်ပံ့မှု ပိုမို ရရှိရေးကို ထောက်ရှုပြီး ၂၀၁၈ ခုနှစ်မှာ ရုရှား ထက် ကာဇက်စတန် ကို ကိုယ်စားပြုဖို့ ရွေးချယ်ခဲ့ပါတယ်။

ပထမတော့ ချန်ပီယံသစ်ဆီက ခံစားချက်ပြသမှု သိပ်မရှိခဲ့ပါဘူး ။ သူက ဗိုလ်လုပွဲနိုင်သွားချိန်မှာ သူ့ရဲ့ ညာလက်ကို လေထဲ မြှောက်ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ အောင်ပွဲခံခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ နည်းပြ အဖွဲ့ကို ပွေ့ဖက်နှုတ်ဆက်အပြီး လက်ခုပ်သံတွေ ဆူညံသွားချိန်မှာတော့ “ ကျွန်မ ဘယ်လောက်တောင် ပျော်နေလဲဆိုတာ မပြောပြတတ်ပါဘူး” လို့ ချန်ပီယံသစ်က ဖွင့်ဟသွားခဲ့ပါတယ်။

-Ref:BBC