မေ၀ဲသာကို မကျေပွဲထိုးဖို့ ပက်ကွီအို စိန်ခေါ်

WBA ကမ္ဘာ့ ၀ယ်တာဝိတ် ချန်ပီယံ ပက်ကွေအိုက အမေရိကန် လက်ဝှေ့သမားဟောင်း မေ၀ယ်သာကို မကျေပွဲ ထိုးဖို့ စိန်ခေါ် လိုက်ပါတယ်။အသက် (၄၀) အရွယ်ရှိပြီဖြစ်တဲ့ ဖိလစ်ပိုင် လက်ဝှေ့သမား ပက်ကွေအိုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမေရိကန် လက်ဝှေ့သမား ကိတ်သားမန်းကိုအနိုင်ယူပြီး ကမ္ဘာ့ အသက်အကြီးဆုံး WBA ကမ္ဘာ့ ၀ယ်တာဝိတ် ချန်ပီယံဖြစ်လာခဲ့တာပါ။ အဲဒီပွဲစဉ် အပြီးမှာတော့ မေ၀ယ်သာက ပက်ကွေအိုကို ရိသဲ့သဲ့ ပြောခဲ့ တာဖြစ်ပါတယ်။ ပက်ကွေအိုရဲ့ လက်ဝှေ့သမားဘ၀ဟာ မေ၀ယ်သာ ဆိုတဲ့ အမည်ကိုသုံးပြီး တည်ဆောက် လာခဲ့တာဖြစ်တယ်လို့ မေ၀ယ်သာ က တွစ်တာမှာ ရေးသာခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပက်ကွေအိုက မေ၀ယ်သာနဲ့ မကျေပွဲထိုးဖို့ ပြန်လည် စိန်ခေါ်လိုက်တာပါ။ ပက်ကွေအိုကတော့ သူဟာ မေ၀ယ်သာနဲ့ ပတ်သက် ချင်နေတာမျိုး မဟုတ်ပဲ မေ၀ယ်သာကသာ သူ့ရဲ့ လူမှုကွန်ယက်မှာ ပက်ကွေအိုဆိုတဲ့ အမည်ကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အဲဒါကြောင့် မေ၀ယ်သာအနေနဲ့ သူနဲ့ ဆက်ပြီး ပတ်သက်ချင်တယ် ဆိုရင် မကျေပွဲ ပြန်ထိုးကြမယ်လို့ ပက်ကွေအိုက တွစ်တာမှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။ မေ၀ယ်သာနဲ့ ပက်ကွေအို တို့ဟာ (၂၀၁၅) ခုနှစ်က ထိုးသတ်ခဲ့ဖူးပြီး အဲဒီပွဲစဉ်မှာ မေ၀ယ်သာက အမှတ်နဲ့ အနိုင်ရခဲ့တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ sport reader