ရုရှား ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ် Brand တွေ သိမ်းပိုက်နိုင်တော့မည်

ကမ္ဘာ့ အကြီးမားဆုံး နိုင်ငံဖြစ်တဲ့ ရုရှားရဲ့ ဖုန်း၊ တက်ဘလက်နဲ့ အီလက်ထရောနစ် ဈေးကွက်ဟာ အကြီးမားဆုံး ပြောင်းလဲတော့မှာပါ။ ဘာလို့လည်း ဆိုတော့ Apple, Samsung, DJI , Ericsson တို့လို အနောက်နိုင်ငံက Brand တွေဟာ ရုရှားကို စွန့်ခွာသွားလို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွမ်းကျင်သူတွေက ရုရှား ဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်းကို တရုတ် Brand တွေ သိမ်းပိုက်တော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂဟာ ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်နေတဲ့အတွက် စမတ်ဖုန်းနဲ့ နည်းပညာ နယ်ပယ်မှာ သိသိသာသာပြောင်းလဲနေပါတယ်။

စမတ်ဖုန်း ဈေးကွက်က အကြီးမားဆုံး ပြောင်းလဲနေပြီး ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းအား အကောင်းဆုံး Brand ၇ ခုက realme, Vivo , Xiaomi, Tecno , Infinix , ITel,  Nokia စတဲ့ တရုတ် Brand တွေ ဖြစ်လာပါတယ်။ Tecno , Infinix, realme , Xiaomi တို့ရဲ့ ၂၀၂၂ ခုနှစ် ရောင်းအားဟာ အရင်နှစ်ကထက် ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာပါတယ်။ realme ဟာ ရုရှားမှာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အလုံးရေ ၄၉၈,၀၀၀ ရောင်းချနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ၁.၁ သန်းကျော်တောင် သိသိသာသာ ရောင်းအားတက်လာခဲ့ပါတယ်။ Ref : gizmochina