Fortune Broadband ရဲ့အင်တာနက် လစဉ်ကြေးများကို အွန်လိုင်းနှင့် Mobile ဘဏ်စနစ်များမှ ပေးဆောင်နိုင်

Fortune Broadband ရဲ့အင်တာနက် လစဉ်ကြေးတွေကို အွန်လိုင်းနဲ့ Mobile ဘဏ်စနစ်တွေကနေ ပေးဆောင် နိုင်တယ်လို့သိရပါတယ်။

ယခင်က KBZ Bank, AYA Bank နဲ့ CB Bank (ဘဏ်ခွဲ) များကနေ တစ်ဆင့်ပေးဆောင်နိုင်ခဲ့ကာ ယခုလက စပြီး Online Banking တွေနဲ့ Bank Mobile Application တွေကနေ ပေးဆောင်နိုင်တယ်လို့ သိရပါတယ်။

အထူးသတိပြုရမယ့် အချက်ကတော့ မိမိရဲ့ Bill ID များ၊ Invoice No. များစတဲ့ လိုအပ်တဲ့ အချက်အလက်တွေ ကို Invoice Bill စာရွက်မှာ ပါရှိတဲ့အတိုင်း တိကျမှန်ကန်စွာထည့်သွင်းပေးစေလိုတယ် လို့ဆိုပါတယ်။

အင်တာနက်ဘဏ်စနစ်ကနေပေးချင်ရင်တော့ KBZ Bank , AYA Bank တွေကနေပေးနိုင်ပြီး CB နဲ့ AYA Mobile Application တွေကနေတစ်ဆင့်လည်းပေးချေနိုင်တယ် လို့သိရပါတယ်။