ရေအားလျှပ်စစ်စီမံကိန်းအသစ် (၆)ခုလုပ်ဆောင်မည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနအနေနဲ့ ရေအားလျှပ်စစ်စီမံကိန်း အသစ်(၆)ခု ကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ဆောင်ဖို့ တင်ဒါခေါ်ယူထားပါတယ်။ အသစ်လုပ်ဆောင်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကတော့ ဖုန်အင်ခ ရေအားလျှပ်စစ်စီမံကိန်း၊ ကဆန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်မယ် ဆိုင်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်ကန်ရေအားလျှပ်စစ်စီမံကိန်း၊ နမ့်တဘက်(ကယား)ရေအားလျှပ်စစ်စီမံကိန်းနဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီရေအားလျှပ်စစ်စီမံကိန်းတွေကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ယူထားတာပါ။ တင်ဒါရောင်းချမယ့်ရက်ကတော့ ဇူလိုင် ၁၈ ရက်ကနေ ဩဂုတ် ၅ ရက်အထိဖြစ်ပြီး ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ နေပြည်တော်မှာ ရုံးဖွင့်ရက်အတိုင်း မနက် ၁၀ နာရီကနေ ညနေ ၃ နာရီ အတွင်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ တင်ဒါအဆိုပြုလွှာတွေကိုတော့ ဩဂုတ် ၁၈ ရက် နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။