လပတ်ပုံမှန်အစည်းအဝေးပြုလုပ်

မိုးမိတ် ဇွန် ၃၀

ယနေ့နံနက် (၁၀)နာရီတွင်မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌မြို့နယ်ကော်မတီဝင်များ ပုံမှန်လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ အရန်ဗဟိုကော်မတီဝင် ဒေါက်တာမောင်တီနှင့်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့်တို့ တက်ရောက်ခဲ့ကြပြီး အရန်ဗဟိုကော်မတီဝင် ဒေါက်တာမောင်သီ မှ ဆဌမအကြိမ်​ဗဟိုကော်မတီအစည်းအဝေးမှ ချမှတ်ခဲ့သော ရှေ့လုပ်ငန့်းစဉ်များအား ရှင်းလင်းခဲ့ပါသည်။