မအူပင်မြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏မျက်နှာစုံညီအစည်းအဝေး နှင့် ရွေးချယ်ဖွဲ့စည်းရေး အခမ်း အနားကို ဇွန် ၂၆ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၂နာရီအထိ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးမျိုးဆက် အားမာန်ခန်းမတွင်ကျင်းပသည်။

13423872_395401823968284_1024692218516616870_n

အခမ်းအနားတွင် သဘာပတိ အဖြစ် မအူပင်မြို့နယ် ပါတီပြန် လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အဖွဲ့ခေါင်းဆောင် ဒေါ်နွယ်နွယ်ဦး၊ အဖွဲ့ဝင်ဦးသန်းထွန်းနှင့် ဒေါက်တာ လှမင်းတို့ကဆောင်ရွက်ပြီး အခမ်း အနားမှူးများအဖြစ် ဒေါ်စမ်းစမ်း ဝင်းနှင့် ဒေါ်အေးအေးကြည်တို့က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် သဘာပတိ ဒေါ်နွယ်နွယ်ဦးက အဖွင့်အမှာ စကားပြောကြားခြင်း၊ မြို့နယ်ပါတီ ၏လုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာကို မြို့နယ်ပါတီကော်မတီဝင် ဦးစန်းလွင်က ဖတ်ကြားခြင်း၊ အစု အဖွဲ့(၁)၏ ဝန်းရံအင်အားစုများ တိုးတက်ရရှိရေးအတွက် ပါတီ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ် တို့ကို လက်တွေ့ဆောင်ရွက်မှု များနှင့်ဆက်စပ်၍ ပြည်သူများ ကျယ်ပြန့်စွာသိရှိစေရန် ရှင်းလင်း စည်းရုံး ပါဝင်ဆောင်ရွက်ရေး စာတမ်းကို မြို့နယ်ပါတီကော်မ တီဝင် ဦးသန်းစိုးနှင့် အစုအဖွဲ့(၂) ၏ပြည်သူများ၏လူမှုစီးပွားမြင့်မား လာစေရေးနှင့် နယ်မြေဖွံ့ဖြိုးတိုး တက်စေရေးတို့အတွက် နယ်မြေခံ ပြည်သူများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်ရေးစာတမ်းကို မြို့နယ် ပါတီကော်မတီဝင် ဦးသိန်းဝင်းက ဖတ်ကြားတင်ပြခြင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစောသောင်းဒန် ကပြန်လည်ရှင်းလင်းခြင်း၊ မြို့နယ် ပါတီကော်မတီဝင်(ဟောင်း)များ နုတ်ထွက်ခြင်း၊ မြို့နယ်ပါတီကော် မတီဝင်(အသစ်)များ၊ အရန်မြို့နယ် ပါတီကော်မတီဝင်(အသစ်)များ၏ အမည်စာရင်းတင်သွင်းခြင်း၊ မိတ် ဆက်ခြင်း၊အတည်ပြုခြင်း၊ကြေညာ ခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကတိ သစ္စာပြုခြင်း၊ သဘာပတိက နိဂုံး ချုပ်စကားပြောကြားပြီးကြွေးကြော် သံများဖြင့် အခမ်းအနားရုပ်သိမ်း ခဲ့သည်။ အခမ်းအနားတွင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ဒေါ်သီတာအေး အပါအဝင် မြို့နယ်ပါတီကော်မတီ ဝင် ၁၆ဦး၊ အရန်မြို့နယ်ပါတီ ကော်မတီဝင် ၁၅ ဦးတို့အား ပြန် လည်ရွေးချယ်တာဝန်ပေးခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး ပါတီပြန်လည်ပြင် ဆင်ရွေးချယ် ဖွဲ့စည်းရေးကော် မတီအဖွဲ့ခေါင်းဆောင်ဒေါ်နွယ်နွယ် ဦးနှင့်အဖွဲ့ဝင်များ၊ မအူပင်ခရိုင် ပါတီအတွင်းရေးမှူး ဦးသက်လင်း နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပါတီအတွင်းရေး မှူး ဦးစောသောင်းဒန်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ၈၈အုပ်စုမှ ပါတီစည်းရုံးရေးမှူးနှင့် အမှုဆောင်များ စုစုပေါင်း ၂၁၁ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)


Leave a Reply