လမ်းပြုပြင်ရန်အတွက် အလှူငွေထောက်ပံ့လှူဒါန်း

လားရှိုး ဇွန် ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိူးမြို့ ရပ်ကွက် ၁ နယ်မြေ ၈ နေ ပြည်သူများ၏ တင်ပြလာချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ကော်မတီဝင် ဦးကျော်ဇော်ဝင်း၊ ခရိုင်ပါတီဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ပါတီဥက္ကဋ္ဌအဖွဲ့များသည် လားရှိုးမြို့ ရပ်ကွက် ၁ နယ်မြေ ၈ အတွင်း လမ်းများပြုပြင်ရန်လိုအပ်သော နေရာများကို လှည့်လည်ကြည့်ရှု့ပြီး အလှူငွေများပေးအပ်ခဲ့ပါသည်။