မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

(၂၉.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးပါတီကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။