သီတွင်းကျွတ်လပြည့်နေ့ စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်း လောင်းလှူ

 

ရခိုင်ပြည်နယ် စစ်တွေမြို့ ဝင်္ကဘာကွင်းကြီး၌ စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အပါး (၅၀၀) ပါး သီလရှင် အပါး (၁၀၀) ပါးတို့ကို ၁၃၇၉ခုနှစ် သီတင်းကျွတ်လပြည့် ၂၀၁၇ခုနှစ် အောက်တိုဘာလ (၅) ရက် ကြာသပတေးနေ့နံနက် (၉းဝဝ) နာရီအချိန် တွင် စစ်တွေမြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲ ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် ပြည်ခိုဖြိုးပါတီ၏ ပံ့ပိုးကူညီမှုဖြင့် ဆွမ်းတော်ကြီး လောင်းလှူခဲ့ကြပါသည်။

အဆိုပါဆွမ်းတော်ကြီးလောင်းလှူပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ ၊ ပြည်နယ် ပါတီဘဏ္ဌာရေးမှူး ဦးသန်းထွန်း၊ ပြည်နယ်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးစန်းငွေနှင့် စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်၊ အတွင်းရေးမှူး ဦးဘိုသံဒိုင်၊ မြို့နယ်ကော်မတီယင်များ၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန်းသန်းရီနှင့် ရပ်/ ကျေးအမျိုးသမီးများမှ Royal D အချိုရည်ဘူး၊ ဆပ်ပြာခဲ Platinum လ္ဘက်ရည်ထုပ်များ လောင်းလှူခဲ့ ကြပါသည်။

crd;