ချယ်လ်ဆီးတိုက်စစ်မှူး လူကာကူကို ယူရို ၈ သန်းနဲ့ အင်တာမီလန် အငှားပြန်လည်ခေါ်ယူ

ချယ်လ်ဆီးအသင်းမှာ အငြင်းပွားဖွယ်ရာတွေဖန်တီးပြီး ပြဿနာရှိနေတဲ့ ဘယ်ဂျီယံတိုက်စစ်မှူး လူကာကူကို အသင်းဟောင်း အင်တာမီလန်က ယူရို ၈ သန်းနဲ့ အငှားပြန်လည်ခေါ်ယူလိုက်ကြောင်းသိရပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့နှစ်၊ နွေရာသီက အင်တာမီလန်ကနေ ချယ်လ်ဆီးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိခဲ့ပေမယ့် အသင်းနည်းပြ တူချယ်နဲ့ ဆက်ဆံရေးမပြေလည်မှုတွေ၊ အသင်းအပေါ် ဝေဖန်မှုတွေကြောင့် ပြဿနာတက်ခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ရာသီမှာ ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးတာဝန်ရှိသူတွေက လူကာကူကို တစ်ရာသီအငှားချဖို့ ဆုံးဖြတ်ခဲ့တာပါ။  Goal.com