ဂျပန်နိုင်ငံတွင်လျှပ်စစ်ဓာတ်အားလျော့နည်းချိန် အပူလှိုင်းဖြတ်

ဂျပန်နိုင်ငံတွင် စံချိန်တင်အပူဆုံးနေ့များ​ကျော်ဖြတ်​နေရချိန်  လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ကို စိုးရိမ်​နေကြရသည်။

ထို့​ကြောင့် ဝန်ကြီးချုပ် က နျူကလီးယား စွမ်းအင် သုံးစွဲမှု မြှင့်တင်ရန် တောင်းဆိုခဲ့သည်။

တိုကျိုမြို့အနီးတစ်ဝိုက်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိ​နေပြီး ဇူလိုင် ၅ ရက်ထိတိုကျိုအပူချိန်သည် ၃၀ ဒီဂရီ စင်တီဂရိတ်​အောက်သို့ ပြန်လည်ကျဆင်းမည်မဟုတ်ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီကခန့်မှန်းထားသည်။

ဂျပန်နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန် အစွမ်းကုန် လုပ်ဆောင်မည်ဖြစ်ကြောင်း G7 ထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာတွင် ဘေးကင်းရေး အာမခံချက်ရှိသရွေ့ နျူကလီးယားစွမ်းအင်ကို အတတ်နိုင်ဆုံး အသုံးပြုနိုင်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ က ပြောကြားခဲ့သည်။

ဖူကူရှီးမား နျူကလီးယား မတော်တဆမှုမှ ဖြစ်ပေါ်လာသော ဆူနာမီ​ကြောင့် ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှစကာ နျူကလီယား စက်ရုံများတ​ဖြေးဖြေး ရပ်နားလာခဲ့ရသည်။

လျပ်စစ်​ချွေတာရန်အတွက် ဂျပန်ရှိထုတ်လုပ်ရေးစက်ရုံအများစုကဇူလိုင်လမှ စက်တင်ဘာလအထိ တစ်လလျှင် အနည်းဆုံး နှစ်ရက်ပိတ်မည်ဟု ပြောကြားထားကြသည်။