တောင်ကိုရီးယားကို လုပ်သား ၂၀၀၀ ကျော်စေလွှတ်ပြီးဟုဆို

တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ၁၂ ကြိမ်မြောက်နဲ့ ၁၃ ကြိမ်မြောက် EPS စာမေးပွဲ အောင်မြင် ထားတဲ့ လုပ်သား ၄၀၀၀ ကျော်ထဲက ၂၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်တယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ(POEA)ကနေ သိရပါတယ်။

တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို ဆက်တိုက်ခေါ်ယူနေတာဖြစ်တဲ့အတွက် ဆက်တိုက်စေလွှတ် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ၁၄ ကြိမ်မြောက် EPS စာမေးပွဲကိုလည်း အခုနှစ်ကုန်ပိုင်း မရောက်ခင်မှာ ကျင်းပနိုင်ဖို့ နှစ်ဖက်ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံကို တရားဝင် လုပ်သားစေလွှတ်ရာမှာ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကနေပဲ စေလွှတ်တာဖြစ်ပြီး တခြားပြင်ပ ပွဲစားတွေ၊ အေဂျင်စီတွေကနေ စေလွှတ်တာမျိုး ခွင့်မပြုထားဘူးလို့ သိရပါတယ်။