ထောင်ဒဏ် ၂၁ လ ချမှတ်ခံရမှုကြောင့် အင်္ဂလန်အသင်းမှ ထုတ်ပယ်ခံလိုက်ရသည့် မက်ဂွိုင်းယား

အင်္ဂလန်နည်းပြ ဆောက်ဂိတ်မှာ မန်ယူနောက်ခံလူ မက်ဂွိုင်းယူးကို အိုက်စ်လန်၊ ဒိန်းမတ်တို့နှင့် ကစားမည့် အင်္ဂလန်အသင်းမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာသွားခဲ့သည်။ မက်ဂွိုင်းယားမှာ ဂရိနိုင်ငံ မိုက်ကိုနော့စ်သို့ သွားရောက်အပန်းဖြေစဉ် ရန်ပွဲနှင့်ကြုံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် မက်ဂွိုင်းယားမှာ ရဲအရာရှိများကို တုန့်ပြန်တိုက်ခိုက်မှု၊ နှုတ်အားဖြင့် စော်ကားပြောဆိုမှု၊ အမိန့်မနာခံမှု၊ ရဲအရာရှိများကို လာဘ်ထိုးရန် အားထုတ်မှုများနှင့် စွဲချက်တင်ခံခဲ့ရသည်။ ဂရိတရားရုံးက မက်ဂွိုင်းယားမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် ထောင်ဒဏ် ၂၁ လ ချမှတ်သွားခဲ့သည်။ အဆိုပါ ထောင်ဒဏ် ၂၁ လမှာ ဆိုင်းငံ့ ထောင်ဒဏ်ဖြစ်သော်လည်း အင်္ဂလနည်းပြ ဆောက်ဂိတ်က မက်ဂွိုင်းယား၏ အပြုအမူများမှာ အသင်းအတွက် လက်ခံနိုင်စရာ မရှိသောကြောင့် အိုက်စ်လန်၊ ဒိန်းမတ်တို့နှင့် ကစားမည့် ဥရောပ နေးရှင်းလိဂ်အင်္ဂလန်လူစာရင်းမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာသွားခဲ့သည်။ -Ref:Skysports