ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်း သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန် သြဂုတ် လ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၁ဝ၅)ရပ်ကွက် ချယ်ရီမြိုင်လမ်းမကြီးပေါ်ရှိ အမက ၂၅ (လခွဲ) ကျောင်းအား COVID-19 ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်းအတွင်းနှင့် ပြင်ပမျက်နှာစာ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းစာသင်ခန်းမများတွင် လာရောက်သင်ကြားမည့် ကျောင်းသားကျောင်းသူများ သွေးလွန်တုပ်ကွေး မဖြစ်ပွားစေရန်အတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းအား တစ်ပြိုင်နက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ် ငန်းစဉ်များအား မွန်းတည့် ၁၂ နာရီထိ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွန်း(ဒဂုံတောင်)