မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူ စာသင်ကျောင်းအတွက် ဗလာစာအုပ်နှင့် နှာခေါင်းစည်းများ လှူဒါန်း’

 

မအူပင် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကဝက္ကင်းကျေးရွာရှိ ဘုရားကြီးကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကဝက္ကင်းကျေးရွာရှိ အထက (ခွဲ) စာသင် ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးရန်နိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းကျော်ကျော်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)