ပအိုဝ်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဥက္ကဋ္ဌ တက်ရောက်

တောင်ကြီး မတ် ၅

ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ၊ ပအိုဝ်းအမျိူးသားဘက်စုံဖွံ့ဖြိုးရေး ( ဒဲဉ်းသီးဗွေ ) ကွင်းတွင် ပြုလုပ်ကျင်းပသော ( ၇၄ ) နှစ်မြောက်  ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ ရှမ်းပြည်နယ် တောင်ပိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။