မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ပါတီဝင်အသိအမှတ်ပြု ကတ်ပြားများ ပေးအပ်

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ရွှေညောင်ပင် ကျေးရွာအုပ်စုက ဒေသခံပြည်သူ နှစ်ရာခန့်ဟာ ယမန်နေ့ သြဂုတ် ၃ ရက် မွန်းလွဲပိုင်းက ပြည်ခိုင်ဖြိုးပါတီဆီ ပါတီဝင်တွေအဖြစ်နဲ့ ၀င်ရောက်ခဲ့ပါ တယ်။

၎င်းတို့ကို ပြည်ခိုင်ဖြိုးပါတီ မန္တလေးတိုင်းဒေသကြီးဥက္ကဌ ကိုယ်တိုင် ပါတီဝင် အသိအမှတ်ပြုကတ်ပြားတွေ ပေးအပ်ခဲ့ပြီး စုစုပေါင်းပါတီဝင် ၁၇၇ ဦးရှိတယ်လို့ သိရပါတယ်။

“ခုဆိုရင် ရွှေညောင်ပင်ရွာနဲ့မလဲပေါက်ရွာက ပါတီဝင်တွေ ရွာလုံးကျွတ်နီး ပါး ထုနဲ့ထည်နဲ့ တပြိုင်နက် ဝင်တဲ့ဖြစ်စဉ်မျိုးဟာ ကျွန်တော်တို့ တိုင်းဒေသ ကြီးမှာ နည်းပါးပါသေးတယ်။ ဒါကြောင့် ခုလိုပါတီဝင်အသစ်တွေ တိုးပွား အောင် ဆောင်ရွက်နိုင်ခဲ့တဲ့ မိုးကုတ်မြို့နယ်ပါတီက မြို့နယ်ကော်မတီ ဝင်တွေအားလုံး၊ရွှေညောင်ပင်ကျေးရွာက ရပ်/ကျေးပါတီ ခေါင်းဆောင် တွေ အားလုံး တို့ကို အသိအမှတ်ပြုပါတယ်၊ ကျွန်တော်တို့ တိုင်းဒေသကြီး ပါတီအနေနဲ့ ပါတီဝင်အင်အားကို စိစစ်တဲ့နေရာမှာ သေဆုံးတာတွေ နယ်ပြောင်းသွားတာတွေရှိနေတဲ့အတွက် တိကျခိုင်မာတဲ့ အင်အားစာရင်း ရရှိအောင် ဆောင်ရွက်နေပါတယ်။အဲ့ဒီလို စိစစ်ပြီးခိုင်မာတဲ့ ပါတီဝင်အင်အားထုနဲ့ ပါတီအောင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာပါ၊ ဒီနေ့ဝင်လာတဲ့ ပါတီဝင်တွေဟာလည်း ခိုင်မာတဲ့ ပါတီဝင်တွေ ဖြစ်လို့ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီးပါတီကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” လို့ ပါတီဝင်ကတ်ပြားပေးအပ်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းမောင်ကပြောပါ တယ်။

ရွှေညောင်ပင်ကျေးရွာနဲ့ မလဲပေါက်ကျေးရွာတို့က ပြည်သူ ၁၇၇ ယောက် က ပြည်ခိုင်ဖြိုးပါတီဆီ ၀င်ရောက်ခဲ့တာဖြစ်ပြီး ၄င်းတို့အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီကို အခုလို ဝင်ရောက်ခဲ့တာဟာ ပါတီရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်း ဆောင်ရွက်ပေးနေတာတွေအပေါ် သဘောကျတာရယ် အမျိုးသားရေးကို ရှေးရှုပြီး ပါတီလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာရယ်၊ နောက်ပြီးတော့ ပါတီရဲ့ ရည်မှန်းချက်တွေ ယုံကြည်ချက်တွေခိုင်မာတာရယ်ကြောင့် ဖြစ်ပါ တယ်လို့ ရွှေညောင်ပင်ကျေးရွာက ပါတီဝင်ဦးပိုကပြောပါတယ်။

ပါတီဝင်ကတ်ပြားပေးအပ်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးစိုင်းအောင်ကြည်၊ ဦးကျော်စန်း၊ ပြင်ဦးလွင် ခရိုင်ပါတီ ဥက္ကဌ ဦးဝင်း ကြည်နဲ့ ခရိုင်ပါတီကော်မတီဝင်တွေ မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဘဌေးနဲ့ မြို့နယ်ပါတီကော်မတီဝင်တွေ၊ ရပ်/ကျေးစည်းရုံးရေးမှူးတွေနဲ့ ပါတီဝင်တွေ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

စောထွေး