ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဧရာဝတီတိုင်းဒေသကြီးမှ ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

မတ် ၄၊ ပုသိမ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တိုင်းပါတီရုံးစည်းဝေးခန်းမတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ပုသိမ်ခရိုင်၊ မြို့နယ်ဥက္ကဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနချုပ် သို့ သင်တန်းတက်ရောက်မည့် တိုင်း​ဒေသကြီးအတွင်း ၂၆ မြို့နယ်မှ သင်တန်းသားများနှင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံရာတွင် တိုင်းဒေသကြီးအတွင်း ပါတီဝင် အင်အားစစ်ဆေးမှုများ၊ ပါတီဝင်များ၏ အချက်အလက် ဖြည့်သွင်းမှုများမှန်ကန်စေရေးနှင့် တိုင်းအတွင်း စည်းရုံးဆောင်ရွက်ထားမှုများကို အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။