အောင်မြေသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

အောက်တိုဘာ(၃၀)

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်စကားဝိုင်းအား ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းသို့ အောင်မြေသာစံခရိုင် ဘဏ္ဍာရေးမှူး ဦးညီညီမင်း၊ ခရိုင်ကော်မတီဝင် ဦးခင်မောင်မြင့်၊ အောင်မြေသာစံမြို့နယ်ပါတီဥက္ကဌ ဦးလှိုင်ဝင်းထွန်းနှင့် ကော်မတီဝင်များ၊ မြို့နယ်လူငယ်တာဝန်ခံ ဦးကျော်နိုင်ဦး(၁)နှင့် လူငယ်ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး လူငယ်နှင့်ပရဟိတစိတ်ဓာတ်ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။