ရှမ်းရှေ့ ပြည်ခိုင်ဖြိုးပါတီမှ ရွာအ၀င် ကွန်ကရစ်လမ်း ဖွင့်ပွဲနှင့်နှစ်သစ်ကူး ပွဲတော်သို့ သွားရောက်ခြင်း

 

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဖြတ်မြို့ နယ် ယမန်နေ့ (၅.၆.၂၀၁၉) ရက်နေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/မြို့နယ်ဥက္ကဋ္ဌဦးညွန့်ဝင်း၊ဦးစိုင်းရီတစ်၊အမျိုးသမီးရေးရာ ဒေါ်နန်းရွှေဥတို့သည်လန်းဆတ်အုပ်စု၊ပါခယ်ရွာသို့ ရောက်ပြီး အိုးစည်ဗုံမောင်းနှင့်လားဟူအကများဖြင့် ကြိုဆိုကြပါသည်။

ရှေ့ဦးစွာရွာ အ၀င်ကွန်ကရစ်လမ်း အရှည်(၄၈၀’) အနံ (၈’) ဖွင့်ပွဲအခမ်းအနားကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း ၊ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးအားဂူ၊ စည်းရုံးရေးမှူး ဦးခမ်းပျဲန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ရွာနှစ်သစ်ကူး ပွဲတော်အတွက် အချိုရည်၊ မုန့်၊ရေများပေးအပ်ခဲ့ပြီး ရွာအလယ်တွင် ရွားသားများနှင့်အတူ ကကြပြီး လားဟူရိုးရာယဉ်ကျေးမှု လက်ဆေးမင်္ဂလာ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ကျေးရွာအုပ်စုဥက္ကဋ္ဌ အိမ်တွင် ရွာသားများက လားဟူရိုးရာအကများဖြင့် ကန်တော့ကြပြီး ပါတီမှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ