ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်များအား ဆန်ဆီနှင့်ကြက်ဥများ ထောက်ပံ့ ကူညီ

 

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Co-vid-19 ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အခက်အခဲရှိသော မြို့နယ်အတွင်း ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပါတီရုံးခန်းမတွင် ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ကူညီခဲ့သည်။ ထိုသို့ထောက်ပံ့ကူညီရာတွင် ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးလင်းဇော်မင်းက ဆန်၊ဆီနှင့်ကြက်ဥများအား ပေးအပ်ခဲ့ရာ မြို့နယ်သဘင်အစည်း အရုံးဥက္ကဋ္ဌဦးအောင်မင်းက လက်ခံ ရယူခဲ့သည်။ ထောက်ပံ့ကူညီရာသို့ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးလင်းဇော်မင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးညွန့်သောင်၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မင်း၊ မြို့နယ်အလုပ် အမှုဆောင်များနှင့် သဘင် အစည်း အရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် မြို့နယ်အတွင်းရှိ သဘင်အစည်းအရုံးအဖွဲ့ဝင် ၇၅ ဦး အတွက် တစ်ဦးလျှင် ဆန်လေးပြည်၊ ဆီ ၅ဝ ကျပ်သားနှင့် ကြက်ဥ ၁ဝ လုံးနှုန်းဖြင့် ထောက်ပံ့ကူညီနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သုတ(မန္တလေး)