ရေဘေးသင့်ပြည်သူများအား အမရပူရပြည်ခိုင်ဖြိုးမှ ထောက်ပံ့ကူညီ

 

ဇူလိုင် (၂၂) ရက်

ယနေနံနက်ပိုင်းတွင် ရှင်ပင်ဆပ်သွားဘုရား၊ မိုးကောင်းဓမ္မာရုံ၊ ရန်အောင်မြင်ဘုရား၊ သက်တော်ရသက်တော်ရှည် ဘုရား၊ ဘုရားသုံးဆူ၊ ဦးလင်းဘုရားတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခေတ္တပြောင်းရွှေ့နေထိုင် လျက်ရှိကြသော ပြည်သူ(၂၀၀၀)ကျော်အား အသင့်စားခေါက်ဆွဲထုပ်များပေးအပ်လှူဒါန်းခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပွဲတော်ရပ်၊ ကျန်တန်းရပ်၊ ဆားချက်ရပ်၊ ပေါက်ပါက်တန်းရပ်၊ ကျန်တန်းတိုးချဲ့ရပ်များရှိ ပြည်သူများအားဆက်လက်သွားရောက်ပေးအပ်လှူဒါန်းမည်ဖြစ်ပါသည်။ #ZawAungHtet