FA Cup ဆီမီးဖိုင်နယ်တွင် မန်ယူ-ချဲလ်ဆီး၊ အာဆင်နယ်နှင့် မန်စီးတီး တွေ့ဆုံ

FA Cup ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ မန်ချက်စတာ ယူနိုက်တက်က ချဲလ်ဆီး၊ အာဆင်နယ်က လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဆီမီးဖိုင်နယ်ကို FA Cup သမိုင်းမှာ အအောင်မြင်ဆုံး အသင်း ၄ သင်း ဆုံရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ အာဆင်နယ်ကတော့ အက်ဖ်အေသမိုင်းမှာ ချန်ပီယံ ၁၃ ကြိမ်နဲ့ အအောင်မြင်ဆုံး အသင်းလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ ချန်ပီယံ ၁၂ ကြိမ်နဲ့ ဒုတိယအအောင်မြင်ဆုံးဖြစ်ပြီး ချဲလ်ဆီးက ချန်ပီယံ ၈ ကြိမ်နဲ့ တတိယ အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ မန်စီးတီးကတော့ ၆ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။

FA Cup ဆီးမီးဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေ ယှဉ်ပြိုင်ကစားကြမှာပါ။