ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ UFC ပွဲစဉ်မှာ ဖိုက်တာနှစ်ယောက်စလုံး ဆေးရုံတက်ခဲ့ရ

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့မှာ ဒေသစံတော်ချိန် စနေညက ကျင်းပခဲ့တဲ့ UFC လိုက်ဝိတ်တန်းပွဲစဉ်မှာ အမေရိကန် ဖိုက်တာ ဒပ်စတင်ပွိုင်ရီယာက နယူးဇီလန်ဖိုက်တာ ဒန်ဟွတ်ကာကို အငြင်းပွားဖွယ်မရှိ ရမှတ် အပြတ်သတ်နဲ့ အနိုင်ရခဲ့ပေမယ့် သူတို့နှစ်ယောက်စလုံး အထိနာခဲ့တာကြောင့် ပွဲအပြီးမှာ ဆေးရုံ တက်ခဲ့ကြရပါတယ်။ ဒပ်စတင်ပွိုင်ရီယာနဲ့ ဒန်ဟွတ်ကာတို့ပွဲစဉ်ဟာ ရုပ်/သံပရိသတ်တွေအကြိုက်ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံး ဒဏ်ရာ ကိုယ်စီ ရခဲ့ကြပါတယ်။

ဒါပေမယ့် အနိုင်ရသွားတဲ့ ပွိုင်ရီယာကတော့ သူ့လို ဖိုက်တာတစ်ယောက်အတွက် ဒဏ်ရာရတာက ပျော်စရာ တစ်ခုလိုဖြစ်နေတယ်လို့တောင် ပြောသွားပါတယ်။ ပွိုင်ရီယာဟာ လက်စ်ဗီးဂက်စ်မြို့က ဆေးရုံတစ်ရုံမှာ ဦးခေါင်းဒဏ်ရာတွေကို စကန်ရိုက်စစ်ဆေးခံပြီးနောက် သူ့အိမ်ကို ပြန်သွားခဲ့သလို ဒန်ဟွတ်ကာလည်း ဆေးရုံမှာအချိန်တော်ကြာကုသခဲ့ရဖွယ်မရှိကြောင်း ESPN ရုပ်/သံက တင်ဆက်သွားပါတယ်။ UFC ပွဲစဉ်တွေကို ပရိသတ်မပါဘဲကျင်းပနေတာဖြစ်ပြီး ပွိုင်ရီယာနဲ့ဒန်ဟွတ်ကာတို့ရဲ့ပွဲကို ၂၀၂၀ ခုနှစ်ရဲ့ အကောင်းဆုံးပွဲလို့တောင် ညွှန်းထားကြပါတယ်။

-Ref: UFC