ဆရီနာဝီလီယံ ၀င်ဘယ်ဒန်ဗိုလ်လုပွဲသို့ တက်ရောက်

S William

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တွင် ကျင်းပနေသော ၀င်ဘယ် ဒန်တင်းနစ်ပြိုင်ပွဲ၌ အမျိုးသမီး တစ်ဦးချင်း အကြိုဗိုလ်လုပွဲ တွင် အမေရိကန်တင်းနစ်မယ် ဆရီနာ ၀ီလီယံက ရုရှားတင်းနစ်မယ် အီ လီနာဗက်စ်နီနာကို ၆-၂၊ ၆-၀ ဖြင့် နှစ်ပွဲပြတ်အနိုင်ယူပြီး ဗိုလ်လု ပွဲသို့ တက်ရောက်သွားသည်။

ဝင်ဘယ်ဒန်ခြောက်ကြိမ် ချန်ပီယံ ဆရီနာ (၃၄) နှစ်သည် ၎င်း၏ နိုင်ငံအဆင့်ပင်မ၀င်သော ပြိုင်ဘက်အတွက် အားကောင်း လွန်းခဲ့ပြီး ၄၈ မိနစ်အတွင်း အနိုင် ရရှိခဲ့သည်။

အခြားအကြိုဗိုလ်လုပွဲတွင် ဆရီနာ၏ အစ်မ ဗီးနပ်စ်ဝီလီယံနှင့် သြစတြေးလျအိုးပင်းချန်ပီယံ အိန်ဂျယ်လစ်ကာဗာ ကစားမည်ဖြစ်ပြီး အနိုင်ရရှိသူ နှင့် ဆရီနာတို့ ဗိုလ်လုပွဲ ကစားရမည်ဖြစ်သည်။

ဝင်ဘယ်ဒန်ပြိုင်ဘက်အမျိုး သားတစ်ဦးချင်းပြိုင်ပွဲတွင် ဗြိတိန် မှ အန်ဒီမာရေးနှင့် ဆွစ်တင်းနစ် သမား ရော်ဂျာ ဖက်ဒဲရားတို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်သည်။

ဖက်ဒဲရားသည် ကနေဒါမှ ရာအိုနစ်နှင့် ရင်ဆိုင်ရမည်ဖြစ် ပြီး အန်ဒီမာရေးက ချက်တင်းနစ်သမား သောမတ်စ် ဘာဒစ်ခ်ျနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

(BBC)


Leave a Reply