ပြန်လည်စတင်မည့် လာလီဂါပွဲစဉ်များကို ကြေညာ

COVID-19 ကြောင့် သုံးလခန့် ရပ်ဆိုင်းရပြီးနောက် ဘာစီလိုနာက လက်ရှိလာလီဂါ ချန်ပီယံဘွဲ့ကာကွယ်ရေး ကြိုး ပမ်းမှုကို ဇွန်လ ၁၃ ရက်တွင် မာ ယော့ကာအသင်း၏ကွင်းသို့ သွား ရောက်ကစားရင်း စတင်ရမည် ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်က ဇွန်လ ၁၄ရက်တွင် အီဘာကို ဘာနေဗျူး ကွင်း၌ လက်ခံကစားမည်ဟု လာလီဂါက ကြေညာသည်။ 

လာလီဂါပြိုင်ပွဲကို ဇွန်လ ၁၁ ရက်တွင် ရီးရဲလ်ဘက်တစ် နှင့်ဆီဗီလာတို့၏ ဆီဗီးလ်ဒါဘီပွဲ စဉ်နှင့်အတူ ပြန်လည်စတင်မည် ဖြစ်ပြီး ယင်းနောက်ခုနစ်ရက်အ ထိပွဲစဉ်များကစားမည် ဖြစ်သည်။

ဘာစီလိုနာက ဇွန်လ ၁၆ ရက်တွင် လီဟာနက်စ်ကိုနျူးကမ့်ပ် ကွင်း၌ လက်ခံယှဉ်ပြိုင်ပြီး ဇွန်လ ၁၈ရက်တွင် ရီးရဲလ်က ဗလင်စီယာကို အိမ်ကွင်း၌ ဧည့်ခံမည်ဖြစ်သည်။

ကပ်ရောဂါကြောင့် ပြိုင်ပွဲ ရပ်နားရသော ဥရောပထိပ်တန်း လိဂ်ငါးခုတွင် ပထမဆုံးပြန်လည် စတင်သည့် ဂျာမန်ဘွန်ဒက်စ်လီ ဂါကဲ့သို့ လက်ကျန်လာလီဂါပွဲစဉ် အားလုံးကိုလည်း ပရိသတ်မပါဘဲ ကစားမည်ဖြစ်သည်။ 

-Ref; Reuters