နယူးကာဆယ်ကိုဝယ်ရန် မေဝယ်သာ စိတ်ဝင်စားနေ

အမေရိကန်လက်ဝှေ့ကျော်ဟောင်း မေဝယ်သာသည် နယူးကာဆယ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ အသက် ၄၃ နှစ်ရှိပြီဖြစ်သော မေဝယ်သာသည် ၂ဝ၁၇ ခုနှစ် သြဂုတ်တွင် ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲတွင် နာမည်ကြီးနေသော မက်ဂရီဂေါ်နှင့်ထိုးသတ်ခဲ့ပြီးနောက် လက်ဝှေ့ကြိုးဝိုင်း အတွင်းသို့ ဝင်ရောက်ခြင်း မရှိတော့သူဖြစ်သည်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ပွဲ ၅ဝ ယှဉ်ပြိုင်ခဲ့ရာတွင် ပွဲတိုင်းအနိုင်ရခဲ့သော မေဝယ်သာသည် ဝိတ်တန်းငါးခုတွင် ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ကစားသမားဘဝဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပိုင်ဆိုင်ထားသူဖြစ်သည်။ နယူးကာဆယ်ပရိသတ်များသည် ၂ဝဝ၈ ခုနှစ် ကတည်းက ပိုင်ရှင်အပြောင်းအလဲကိုမျှော်လင့်နေသည်။ Ref; The Sun