၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့ အိမ်ရှင်အဖြစ် ပူးပေါင်း ကျင်းပမည်

 အဆိုပါ အတည်ပြုချက်ကိုတော့ စနေနေ့က ကျင်းပခဲ့တဲ့ ၁၂ ကြမ်မြောက် အာဆီယံကောင်စီ အစည်းအဝေးမှာ အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၃၄ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို အာဆီယံဒေသတွင်းမှာ ပထမဆုံး အကြိမ် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

 အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာရှိတဲ့ Gelora Bung Karno Stadium  ၊   ထိုင်းနိုင်ငံမှာရှိတဲ့ ရာဇမင်္ဂလာ ဘောလုံးကွင်းကြီး

အိမ်ရှင်နိုင်ငံများအဖြစ် အင်ဒိုနီးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ အဆိုပါ အတည်ပြုချက်ကိုတော့ စနေနေ့က ကျင်းပခဲ့တဲ့ ၁၂ ကြမ်မြောက် အာဆီယံ ကောင်စီ အစည်းအဝေးမှာ အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

“နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေနဲ့သူတို့အစိုးရရဲ့ အထောက်အပံ့ကောင်းကို ရရှိထားပြီးဖြစ်သလို အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကလည်း ထောက်ပံ့ပေးသွားမှာပါ” အာဆီယံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒါတို ဆရီ အဇူဒင်အာမတ်က ပြောကြားခဲ့ပါတယ်။ အဆိုပါ အိမ်ရှင်အဖြစ် ကျင်းပခွင့်ကိုမူ မည်သည့်နိုင်ငံကမှ ကန့်ကွက်ခဲ့ခြင်း မရှိခဲ့ပဲ အတည်ပြုနိုင်ခဲ့လည်း ဖြစ်ပါတယ်။

အာရှတိုက်အနေနဲ့ ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့ဖူးသလို လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကိုလည်း ကာတာနိုင်ငံက ဒုတိယမြောက် အဖြစ် ကျင်းပသွားမှာဖြစ်တာကြောင့် လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှတိုက်ရဲ့ တတိယအကြိမ်မြောက်လက်ခံကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်လာမှာ ဖြစ်သလို အာဆီယံ ဒေသတွင်း အတွက်တော့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲလက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။

(Duwun)