ဒေါ်လာ၊ ရွှေနှင့် စက်သုံးဆီဈေးများ ဆက်တိုက်ကျဆင်း

Covid-19 ရောဂါ ကမ္ဘာ့နိုင်ငံအတော်တော်များများမှာပျံ့နှံနေတာကြောင့် စီးပွားရေးလုပ်ငန်း တုံ့ဆိုင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီလို ကမ္ဘာ့စီးပွားရေးတုံ့ဆိုင်းတာနဲ့အတူ ပြည်တွင်းမှာလည်း ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီ ဈေးနှုန်းတွေလည်း အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက်ကျဆင်းနေပါတယ်။

ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းဟာ မတ်လအစမှာ အမေရိကန်တစ်ဒေါ်လာကို(၁၄၂၇)ကျပ်ဝန်းကျင် ဈေးပေါက်နေရာကနေ မတ်(၁၀)ရက်မှာတော့ ကျပ်(၁၂၉၀)ဝန်းကျင်ကို ကျဆင်းခဲ့ပါတယ်။

ပြည်တွင်းရွှေဈေးကွက်ထဲမှာတော့ မတ်လအစက အခေါက်ရွှေတစ်ကျပ်သားကိုကျပ်(၁၂၀၀၀၀၀)သိန်းကျော် ဈေးပေါက်နေရာကနေ မတ်(၁၀)ရက်မှာတော့ ကျပ်(၁၁၆၀၀၀၀) ကျော်ပဲရှိတော့တာဖြစ်ပါတယ်။  ကမ္ဘာ့ရွှေဈေး ကတော့ မတ်(၁၀)ရက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ(၁၆၅၃)ဒေါ်လာဈေး ပေါက်နေပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးကွက်မှာလည်း မတ်လအစပိုင်းကနေ အခုရက်ပိုင်းအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ်(၁၀၀)နီးပါး ကျဆင်းလာတာကိုတွေ့ရပါတယ်။ ရန်ကုန်စက်သုံးဆီဈေးကွက်ထဲမှာတော့ မတ်(၁၀)ရက်က အောက်တိန်း(၉၂)တစ်လီတာကို ကျပ်(၆၅၀)၊ အောက်တိန်း(၉၅)တစ်လီတာကို ကျပ်(၇၇၀)၊ ဒီဇယ်တစ်လီတာကို ကျပ်(၇၂၀)နဲ့ အဆင့်မြင့်ဒီဇယ်တစ်လီတာကို ကျပ်(၇၃၀) ဈေးပေါက်နေပါတယ်။  onenews