ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း မတူပီခရိုင်နှင့်မြို့နယ် ပါတီတာဝန်ရှိသူများအား တွေ့ဆုံ

 

မတ်​(၃)၊မတူပီ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည်​ ယ​မန်နေ့ မွန်းလွဲ၂နာရီက မတူပီမြို့နယ်​ပါတီရုံးခန်းမတွင်​ မတူပီခရိုင်​နှင့်​မြို့နယ်​ ပါတီတာဝန်​ရှိသူများအား​ တွေ့ဆုံခဲ့သည်​။ ထိုသို့​တွေ့ဆုံရာတွင်​ ပလက်​ဝမြို့နယ်​ ပါတီအတွင်း​ရေးမှူး ဦးပြည်​လုံး မတူပီမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီအတွင်း​ရေးမှူး ဦးရမ်​သန်းနှင့်​ မတူပီခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးအုန်းလွင်​တို့မှ ခရိုင်​နှင့်​မြို့နယ်​ပါတီတို့၏ ပါတီလုပ်​ငန်း​ဆောင်​ရွက်​ထားရှိမှု အ​ခြေအ​နေများကို ရှင်းလင်းတင်​ပြပြီး​နောက်​ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်းမှလည်း ချင်းပြည်​နယ်​အတွင်း ပါတီလုပ်​ငန်းများ ဆောင်​ရွက်​ထားရှိမှု အ​ခြေအ​နေများကို ရှင်းလင်းတင်​ပြခဲ့သည်​။

ဆက်​လက်​၍ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးမှ အမှာစကား​ပြောကြားခဲ့ပြီးနောက်​ ပြည်​ခိုင်​ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ လမ်းညွှန်​အမှာစကား​ ပြောကြားခဲ့သည်​။ ထို့​နောက်​ ခရိုင်​နှင့်​မြို့နယ်​ပါတီများမှ တာဝန်​ရှိသူများက ပြည်​ခိုင်​ဖြိုးပါတီ၏ လုပ်​ငန်း​ဆောင်​ရွက်​မှု​နေမှုများနှင့်​ ပတ်​သက်​၍ တင်​ပြ​မေးမြန်းလာမှုများအ​ပေါ် ပြည်​ခိုင်​ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းမှ ပြန်​လည်​​ဖြေကြား​ဆွေး​နွေး၍ ​တွေ့ဆုံမှု အစီအစဉ်​ ရပ်​နားခဲ့သည်​။

တွေ့ဆုံရာသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ပါတီဗဟိုအတွင်း​ရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအတိုင်​ပင်​ခံ ဦးဟုန်းငိုင်း၊ ပါတီဗဟို​ကော်​မတီဝင်​များ ဖြစ်​ကြ​သော ဦးဆန်​ကျုံး၊ ဆလိုင်း ခွဲယန်​၊ ဦးဟာရှိန်း​ဘွေ၊ ချင်းပြည်​နယ်​ ပါတီအတွင်း​ရေးမှူး ဦးကျုံးဘိခ်​၊ ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးအွမ်​​ဂေလိန်း၊ မတူပီခရိုင်​ပါတီဥက္ကဋ္ဌ ဦးအုန်းလွင်​၊ ခရိုင်​ပါတီ​အတွင်း​ရေးမှူး ဦးတင်​ဆန်​၊ ခရိုင်​ပါတီကော်​မတီဝင်​များ၊ မတူပီ မြို့နယ်​ပါတီဥက္ကဋ္ဌ ဦးဗန်​လျန်​မာန်း၊ မြို့နယ်​ပါတီ အတွင်း​ရေးမှူး ဦးရမ်​သန်း၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပလက်​ဝမြို့နယ်​ ပါတီအတွင်း​ရေးမှူး ဦးပြည်​လုံး၊ ရပ်​​ကျေးပါတီဥက္ကဋ္ဌများနှင့်​ ပါတီဝင်​များ တက်​​ရောက်​ခဲ့ကြ ကြောင်း သိရသည်​။