မေဝယ်သာကို UFC လိုက်ဝိတ်တန်းချန်ပီယံ ခါဘစ် စိန်ခေါ်

ခါဘစ်က “သူ(မေဝယ်သာ)ဟာ မီဒီယာတွေကြားမှာ ရေပန်းစားမှုကိုပဲ လိုချင်တာပါ။ ခင်ဗျားအနေနဲ့ ထိုးသတ်ချင်ရင် UFC ကိုလာပါ။ ဒါဟာ စစ်မှန်တဲ့ထိုးသတ်ပွဲပါ။ ကျွန်တော်ဟာ လက်ဝှေ့သမားမဟုတ်သလို၊ နပန်းသမားလည်း မဟုတ်ဘူး။ MMA အားကစားသမားတစ်ယောက်ပါ။ သူ စိတ်ဝင်စားရင် လက်ဝှေ့ကို (၁၁)ချီ ထိုးပြီး MMA (၁)ချီထိုးပေါ့”ဟု ပြောကြားခဲ့သည်။

UFC လိုက်ဝိတ်တန်းချန်ပီယံဖြစ်သူ ရုရှားအားကစားသမား ခါဘစ်က ရှုံးပွဲမရှိသေးသူ အမေရိကန် လက်ဝှေ့အကျော်အမော် မေဝယ်သာအား သူနှင့်ထိုးသတ်ရန် တရားဝင်စိန်ခေါ် ခဲ့ကြောင်း သိရသည်။

(၄၃)နှစ်အရွယ်ရှိ မေဝယ်သာအပေါ်အမြင်ကို TMZ Sports မှ မေးမြန်းရာတွင် ခါဘစ်(၃၁ နှစ်)က “သူ(မေဝယ်သာ)ဟာ မီဒီယာတွေကြားမှာ ရေပန်းစားမှုကိုပဲ လိုချင်တာပါ။ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူ့ရဲ့မွေးရက်ကို ကျွန်တော် တွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူဟာ အသက် (၄၈) ဒါမှမဟုတ် (၄၉) နှစ်အရွယ်လို့ ထင်နေရတယ်။ ကျွန်တော့်အဖေရဲ့အသက်နီးပါးပါပဲ။ သူ့မျက်နှာကို ကျွန်တော် ဘယ်လိုထိုးရမလဲဆိုတာ နားမလည်နိုင်ဘူး။ ခင်ဗျားအနေနဲ့ထိုးသတ်ချင်ရင် UFC ကိုလာပါ။ ဒါဟာ စစ်မှန်တဲ့ထိုးသတ်ပွဲပါ။ ကျွန်တော်ဟာ လက်ဝှေ့သမားမဟုတ်သလို၊ နပန်းသမားလည်း မဟုတ်ဘူး။ MMA အားကစားသမားတစ်ယောက်ပါ။ သူ စိတ်ဝင်စားရင် လက်ဝှေ့ကို (၁၁)ချီ ထိုးပြီး MMA (၁)ချီထိုးပေါ့”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ခါဘစ်က သူ့အနေဖြင့် လက်ဝှေ့စည်းမျဉ်းဖြင့်ထိုးသတ်မည့် (၁၁) ချီကို ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး မေဝယ်သာမှာ (၁၁)ချီအတွင်း အလဲထိုးနိုင်မည်မဟုတ်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ခါဘစ်သည် ပြီးခဲ့သည့်စက်ဘာလအတွင်းက ဒပ်စတင်ပွိုင်ရီယာကို နောက်ဆုံးအနိုင်ယူထားပြီး လာမည့်ဧပြီလ(၁၈)ရက်တွင် တိုနီဖာဂူဆန်နှင့် ထိုးသတ်မည်ဖြစ်သည်။

Eleven sports