ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ဘားအံမြို့နယ် ကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင်၊ ပါတီဝင်များနှင့် တွေ့ဆုံပွဲပြုလုပ်

 

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဌာနချုပ်မှ ဗဟိုအလုပ်အမူဆောင် ကရင်ပြည်နယ်တာဝန်ခံ ဦးသူရိန် ဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်တို့သည် ယမန်နေ့ နံနက် (၈း၃၀) အချိန် ဘားအံမြို့နယ် ကျုံမသွယ် ကျေးရွာအုပ်စု ရွှေလူကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ရပ်မိရပ်ဖများ၊ပါတီဝင် များစုစုပေါင်း (၆၀) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး နံနက် (၁၀း၃၀) အချိန်တွင် အီဟယ်ကျေးရွာ အုပ်စု နော်နော့ဝါးကျေးရွာတွင် ပါတီဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ရပ်မိရပ်ဖများ၊ ပါတီဝင်များ စုစုပေါင်း (၁၁၅) ဦးနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး နံနက် (၁၁း၃၀) အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ နီ နီ