လှိုင်သာယာမြို့နယ်တွင် ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီရုံးသစ် ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးမြောက် ပိုင်းခရိုင် လှိုင်သာယာမြို့ နယ် (၁၁)ရပ်ကွက် ဆင်ဖြူရှင်လမ်း အိမ်အမှတ် (၃၉၄-က)၌ (၁၁) ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးသစ် ဆိုင်းဘုတ် တင်ပွဲနှင့် ရုံးခန်းဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉နာရီက ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးတင်ယု၊ခရိုင်အတွင်း ရေးမှူးဦးမျိုးဇော်၊ လှိုင်သာယာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦး ဇေယျာအောင်နှင့် မြို့နယ်ကော် မတီဝင်များ၊ (၁၁)ရပ်ကွက်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်ကျေး ရွာပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊လှိုင်သာယာ မြို့နယ်(၁၁)ရပ်ကွက်အရန်မီးသတ်         တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များစုံညီစွာတက် ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်သီချင်း ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြောက် ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်ယုနှင့် ခရိုင်အတွင်းရေးမှူး ဦးမျိုးဇော်တို့က အမှာစကားအသီး သီးပြောကြားကာ ဆိုင်းဘုတ်တင် ပွဲအခမ်းအနားနှင့် ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြ ပြီး တက်ရောက်လာသော  ဧည့် သည်တော်များအား နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရ သည်။

မြင့်သိန်း(လှိုင်သာယာ)