ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင် ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များအား တာဝန်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် တာမွေမြို့နယ်တွင် ရပ် ကွက်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတာဝန်ပေးအပ်ပွဲ ကို ယနေ့ နံနက်ပိုင်းတွင် တာမွေ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးရှိ     အစည်း အဝေးခန်းမတွင်ပြုလုပ်သည်။

ရှေးဦးစွာ အရှေ့ပိုင်းခရိုင်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိန်မြင့်ကရပ် ကွက်များတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရခြင်းနှင့် ပတ်သက်သော ကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းပြော    ကြားသည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ရပ်ကွက်ပါတီဥက္ကဋ္ဌ များအား ဥက္ကဋ္ဌတာဝန်နှင့် အဖွဲ့ဝင် တာဝန်များကို          ပေးအပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်က အမှာစကားပြောကြားရာ ယခုလို တာဝန်ပေးအပ်လိုက်သည့်အတွက် မိမိတို့ရပ်ကွက်များတွင် ပြည်သူများနှင့်များစွာ ထိတွေ့ကြရန်နှင့်ပြည်သူများ၏အခက်အခဲများ ကိုဝိုင်းဝန်းကူညီပေးကြရန်အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ရပ်ကွက်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌများထဲမှ ဥက္ကဋ္ဌတစ်ဦး က မိမိတို့ကို ယခုလို ယုံယုံကြည် ကြည်ဖြင့် တာဝန်ပေးအပ်ခဲ့သည့် အတွက် မိမိတို့ကလည်းပေးအပ် သည့်တာဝန်ကို ကျေပွန်စွာဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
အခမ်းအနားသို့ အရှေ့ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်တာဝန် ရှိသူများ၊ ရပ်ကွက် ၂ဝမှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ဇော်ထွန်း