ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇေယျာသီရိမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများ ပါတီဝင်များအား တွေ့ဆုံကာ လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုကာ နိုင်ငံတော်သီချင်း စုပေါင်းသီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမြို့နယ် ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးမှမြို့နယ်အ​ခြေ အနေများအား တင်ပြသည်။ ယင်းနောက် ကျောက်ဖျာ၊ ခေတ်အေး၊ နန်းသြ၊ ပုပ္ပါးကုန်း၊ ပြည်စံအောင်၊ သာစည်၊ ရေဆင်း၊ မအူတော၊ ကျွန်းရောင်း၊ သစ်တပ်၊ သက်နှင်း အင်း၊ ကျောက်ချက်၊ ကျည်တောင်၊ စည်ပင်ကြီး၊ သာယာကုန်းကျေးရွာများမှ ပါတီဥက္ကဋ္ဌများက ကျေးရွာအုပ်စု ဒေသအခြေအနေများကို တင်ပြကြသည်။

တင်ပြမှုများအပြီးတွင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်နှင့် ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူ လယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်မှ ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်နှင့် နေပြည်တော်ကောင်စီ၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာပါတီကော်မတီဝင်များ ပါတီဝင်များ တက်ရောက်ကြသည်။