လှည်းကူးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၃ပါတီအောင်နိုင်ရေးအတွက် ရပ်ကျေးပါတီဥက္ကဌများ.နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခြင်း

လှည်းကူးခရိုင်၊ အောက်တိုဘာ၂၅

ဗဟိုပါတီဥက္ကဌ ဦးခင်ရီနှင့် ရန်ကုန်တိုင်း ပါတီဥက္ကဌ ဉီးခင်မောင်စိုး၏ လမ်းညွှန်ချက်ဖြင့် ခရိုင်ပါတီဥက္ကဌ ဉီးအောင်မျိုးနိုင်မှ ဦးဆောင်ကာ နံနက်၁၀.၀၀နာရီအချိန်တွင် နိုင်ငံတော်အလံအလေးပြုခြင်း.နိုင်ငံတော်သီချင်း သံပြိုင်သီဆိုခြင်းများဖြင့် အခမ်းအနားအား စတင်ဖွင့်လှစ်ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ခရိုင်ပါတီဥက္ကဌဦးအောင်မျိုးနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုးဦးသန်းဇော်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပါတီဥက္ကဌဉီးအောင်မျိုးနိုင်မှ ၂၀၂၃ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် PR စနစ်အား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကျေးပါတီဥက္ကဌများမှ ပြန်လည်ဆွေးနွေးတင်ပြခြင်း. ခရိုင်ပါတီဥက္ကဌမှ ပြန်လည်ရှင်းလင်း ဆွေးနွေးညှိနှိုင်းခြင်းများ ပြုလုပ်ကာနေ့လည် ၁၂.၀၀နာရီအချိန်တွင် အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

လှည်းကူး ခရိုင် USDP

မီဒီယာ