ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးစည်းရုံးလှုပ်ရှား

 

ရန်ကုန်တိုင်းဒေသကြီးတောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးဗီနိုင်းဆိုင်းဘုတ်များ၊ တစ်မြို့ နယ်လုံးတစ်ပြိုင်နက်စိုက်ထူပွဲနှင့် မြို့ပေါ် ခုနစ်ရပ်ကွက် ကိုယ်စား လှယ်မိတ်ဆက်လက်ကမ်းစာစောင် ဖြန့်ဝေလှုပ်ရှားမှုကိုတွံတေးမြို့နယ်၊ ဒလမြို့နယ်၊ကွမ်းခြံကုန်းမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ ဝန်းရံလျက် နံနက် ၉ နာရီတွင် စတင်ခဲ့သည်။

ထိုလှုပ်ရှားမှုနှင့်ကိုယ်စားလှယ် ဗီနိုင်းစိုက်ထူပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးအောင်မြင့်၊ ရန်ကုန်တောင် ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့်ခရိုင်ကော်မတီများ၊ ဝန်းရံလေးမြို့နယ်မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများ၊ မြို့နယ်ကော်မတီဝင်များ မြိုင်ဆိုင် စွာဖြင့် ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကျော်ဇင်ဟိန်းဦးဆောင် ၍ မြို့ပေါ်ရပ်ကွက်များအား ကိုယ် စားလှယ်လောင်းမိတ်ဆက်လက် ကမ်းစာစောင်များ လိုက်လံဝေငှ မိတ်ဆက်ခဲ့ကြောင်း၊ ”မိမိဒေသဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ဒေသသား လေးကျွန်တော့်ကိုတာဝန်ပေးပါ” ဆိုသည့် စာသားပါဆောင်ပုဒ်နှင့် အညီ လက်ရှိမှာလည်းဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစားပေးဆောင်ရွက် နေသလို ပို၍ပို၍ဆောင်ရွက်နိုင်ရန် ဝင်ရောက်အရွေးခံခြင်းဖြစ်ကြောင်း၊ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ မုချအောင်နိုင်မည်ဟုယုံကြည်ထား ကြောင်း၊အမျိုးသားရေးကို အခြေခံ လျက်ပါတီမူဝါဒနှင့်အညီမူဘောင် တွင်းမှရိုးရှင်းစွာ ပြည်သူ၏အဆုံး အဖြတ်ကို လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်းကော့မှူးမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်းက ပြောသည်။

မြတ်ဟိန်းကျော်(ကော့မှူး)