ရပ်ကွက်အတွင်းခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

 

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၈နာရီခွဲတွင် ရေတွင်းကုန်း ရပ်ကွက်၌ ခြင်ဆေးမှုတ်ခြင်းပြု လုပ်ဆောင်ရွက်ခဲ့သည်။

၎င်းခြင်ဆေးမှုတ်ခြင်းကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်း လှိုင်၊အတွင်းရေးမှူးဒေါ်လဲ့လဲ့အေး နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ဒေါ်စန်းကြည်၊ ရေတွင်းကုန်းရပ်ကွက်အုပ်ချုပ်ရေး မှူး ဦးရဲနောင်သိန်းနှင့်အဖွဲ့၊ ရပ် ကွက်ပါတီခေါင်းဆောင် ဒေါ်ခင် ခင်ထွေးနှင့်ရပ်ကွက်ပါတီ ကော် မတီဝင်များ၊ အမာခံပါတီဝင်များ ပါဝင်ခဲ့ကြသည်။

အဆိုပါခြင်ဆေးမှုတ်ခြင်းလုပ် ငန်းဆောင်ရွက်သူများကို၁၁၉လမ်း အမှတ်(၁၃)မြေညီထပ်နေ ဆရာမ ဒေါ်တင်မေညွန့် မိသားစုကလည်း အအေးများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)