တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လူငယ်/အမျိုးသမီးစကားဝိုင်းကျင်းပပြုလုပ်

အောက်တိုဘာ(၃၀)

တံတားဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ လူငယ်/အမျိုးသမီးစကားဝိုင်းအား ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါစကားဝိုင်းသို့ ပါတီဗဟိုကော်မတီဝင်၊ မန္တလေးတိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်၊ တံတားဦးခရိုင်/မြို့နယ်ပါတီဥက္ကဌ ဦးဝင်းမင်းထွန်းနှင့်ကော်မတီဝင်များ၊ တံတားဦးမြို့နယ် လူငယ်တာဝန်ခံ ဦးကျော်ဇင်ဦးနှင့် လူငယ်ပါတီဝင်များ၊ အမျိုးသမီးအဖွဲ့များတက်ရောက်ခဲ့ကြပြီး လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပါတီရှေ့လုပ်ငန်းစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။