ကစားသမား ၈ ဦးအထိ ရောင်းချရန် ချဲလ်ဆီးနည်းပြ ပြင်ဆင်

ချဲလ်ဆီးအသင်းရဲ့နည်းပြ ဖရန်ခ့်လမ်းပတ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းက ကစားသမား ၈ ဦးထိ ရောင်းချသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရောစ့်ဘာကလီ၊ ဂျော်ဂျင်ဟိုတို့လို ကစားသမားတွေဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်သလို မားကိုစ့်အလွန်ဆို၊ အီမာဆင်၊ ဇူးမား၊ ဝီလျံနဲ့ ပက်ဒရို တို့လို ကစားသမားတွေဟာလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဖရန့်ခ်လမ်းပတ်ဟာ အစောပိုင်းက အေဂျက်စ်တောင်ပံကစားသမား ယာကင် ဇီးယက်ခ်ျကို ပေါင် ၃၇ သန်းနဲ့ ခေါ်ယူထားပြီး ဖြစ်သလို လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၁၆၀ လောက် သုံးစွဲခွင့်ရနေတာကြောင့် ထိပ်တန်းကစားသမားတော်တော်များများကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေခဲ့တယ်လို့ သိရပါတယ်။