ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

ကံမ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ကံမမြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဦး နှင့် မြို့နယ်ပါတီကော် မတီဝင်များလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ကံမမြို့နယ် ကံစုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ နှင့်ဓမ္မစကူးလ်အတွက် အလှူငွေများပေး အပ်ခဲ့သည်။ ထို့နောက် မွန်းလွဲ ၃ နာရီ တွင် ကံစုကျေးရွာတွင် ဒေသခံပြည်သူများဖြင့်လည်းကောင်း၊ ညနေ ၅နာရီတွင် ကညင်တိုင်ကျေးရွာ ဒေသခံပြည်သူများဖြင့်လည်းကောင်း ရင်းရင်း နှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ ဒေသခံကျေးလက်ပြည်သူများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏ လက်ရှိအခြေအနေများ၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စများ၊ ရခိုင်ပြည်နယ်ကိစ္စများ နှင့် တောင်သူလယ်သမားအရေး ကိစ္စများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ကံမ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်ဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပြည်သူများတက်ရောက် ခဲ့ကြသည်။