ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ထန်းတပင်မြို့နယ် ဆက်ကလေးကျေးရွာရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ရန်ကုန် ဖေဖော်ဝါရီ ၁၂ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ အရန်ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ဆက်ကလေးကျေးရွာအုပ်စု ဆက်ကလေးကျေးရွာဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာရှိ ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ ဆုံခဲ့ကြသည်။

ဒေသခံရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး၊ အရန်ဗဟိုကော်မတီဝင်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌတို့က လက်ရှိနိုင်ငံရေးအခြေအနေ၊ စီးပွားရေး၊ လူမှုရေး၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆွေးနွေးပြောကြားကြပြီး ရပ်မိရပ်ဖများ၊ ဒေသခံများက သိရှိလိုသည့် သက်ငယ်မုဒိမ်းဖြစ်စဉ်၊ ခိုးဆိုးလုယက်မှုများများ ပြားလာကြောင်းကို ဆွေးနွေးမေးမြန်းရာ ပါတီဗဟိုအတွင်းရေးမှူးက ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲကို မွန်းလွဲ ၃ နာရီခွဲတွင် ပြီးဆုံးကြောင်း သိရသည်။

ဇော်သိန်း(ထန်းတပင်)