သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ (၁) ရပ်ကွက် မာဃလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ လပတ်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်နေမှုများအား တင်ပြဆွေးနွေးကြပြီး လိုအပ်ချက်များကို ညှိနှိုင်းကာ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်း