ပခုက္ကူခရိုင် မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ပခုက္ကူ ခရိုင် ပြည်ခိုင်ဖြိုးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ မကွေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ နှင့်အတူ အတွင်းရေးမှူး ဦးကြည်ထွန်း၊ တွဲဖက်အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ခရိုင်နာယက ဦးသိန်းထွန်း၊ လွှတ်တော်ကိုယ် စားလှယ်ဟောင်းများ၊ ခရိုင်ကော်မတီဝင်များ၊ ခရိုင်ပြန်လည်ပြင် ဆင်ရွေးချယ်ရေးကော်မတီဝင်များ၊ ပခုက္ကူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်တို့မှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့သည်။

76996389-11072016

အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးလူငယ်ပါတီဝင်များက ‘ပြည် ခိုင်ဖြိုးရဲ့အဓိဋ္ဌာန်’အဖွင့်သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်း၊ သဘာပတိအဖွဲ့က နေရာယူခြင်း၊ ထို့နောက် သဘာပတိက အဖွင့်အမှာစကား ပြောကြားကာ ခရိုင်ကော်မတီများ ၏ စည်းရုံးရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုယဉ်ကျေးမှုကဏ္ဍ၊ အစီရင်ခံစာများကို ခရိုင်ကော်မတီဝင် ဦးလှဝင်းဦးက ဖတ်ကြား ခြင်း၊ ခရိုင်ကော်မတီဝင်များ နုတ်ထွက်ခြင်း၊ ခရိုင်ကော်မတီဝင်နှင့် အရန်ခရိုင်ကော်မတီဝင်များအမည် စာရင်းတင်သွင်းခြင်းများ ဆောင်ရွက်ပြီး အစည်းအဝေးကို ခေတ္တ ရပ်နားသည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ ခရိုင်ပြန် လည်ပြင်ဆင်ရွေးချယ်ရေးကော်မတီက ခရိုင်ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်း များကို ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ခရိုင်ကော်မတီဝင်အသစ်များနှင့် အရန်ခရိုင်ကော် မတီဝင်အသစ်များ၏အမည်စာရင်းတင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်ကာ ရွေးချယ်ခံခရိုင်ကော်မတီဝင်များ၊ အရန်ခရိုင်ကော်မတီဝင်များအား တာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာပြုခြင်းများ၊ အရွေး ချယ်ခံ ခရိုင်ကော်မတီဝင် ကိုးဦးအနက်မှ ခရိုင်ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့အား ရွေးကောက် တင်မြှောက်၍ တိုင်း ပါတီမျက်နှာစုံညီအစည်းအဝေး သို့ တက်ရောက်ခွင့်ရမည့် ကိုယ် စားလှယ် ငါးဦးကို ဆက်လက် ရွေးချယ်အတည်ပြုခဲ့သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေက လမ်းညွှန်အမှာ စကားပြောကြား ပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြား ကာ အခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အောင် ရမည်ဟု ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

တောသားလေး


Leave a Reply