ကမာရွတ်မြို့နယ် ပါတီကော်မတီဝင်များ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၂) ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနွေးကြမ်းစကားဝိုင်းသို့ မြိုနယ်ပါတီဥက္ကဋ္ဌ ဦးမျိုးအောင် ဦးဆောင်၍အတွင်းရေးမှူး ဒေါ်သီသီမွန်၊ စည်းရုံးရေးရာ တာဝန်ခံ ဦးဗိုလ်စော၊ နယ်မြေတာဝန်ခံ ဦးမြင့်သိန်း၊ ရုံးအဖွဲ့ ဦးမျိုးသွင်၊ ကမာရွတ်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးသိန်းတို့သည် ဆင်ရေတွင်း (၂) လမ်း အိမ်အမှတ် (၄၂) ရှိ ရပ်မိရပ်ဖ ဦးဇော်မျိုးဦး၏ နေအိမ်တွင် နယ်မြေတာဝန်ခံ၊ ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ပါတီ၏ မူဝါဒသဘောထားများ၊ ထုတ်ပြန်ကြေညာချက်များနှင့် ဖြစ်ပေါ်နေသော ယနေ့နိုင်ငံရေး အခြေအနေများ စီးပွားရေးအခြေ အနေများကို အပြန်အလှန် ရေနွေးကြမ်း စကားဝိုင်းဖွဲ့၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်စော(ကမာရွတ်)