ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီးအဝင်လမ်း ကွန်ကရစ်လမ်းခင်းရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးမှ အလှူငွေများ လှူဒါန်း

 

မေ ၁၇၊ ကံမ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ၁၇-၅-၂၀၁၉ ရက်နေ့ နံနက်တွင် ကံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ဆေးရုံအဝင်လမ်းအား ကွန်ကရစ်လမ်းခင်းရန်အတွက် အလှူငွေ များအေးပ်လှူဒါန်းခဲ့ ပါသည်။

အလှူငွေများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးလင်းမှ လက်ခံပြီး ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီး၏ ဆေးကြုသပေးနေမှု အခြေအနေများ၊ ဆေးဝါးလိုအပ်ချက်များ၊ သူနာပြုဆရာ/ဆရာမများ၏ လူနာများအပေါ် ပြုစု ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှလည်း လိုအပ် သည်များကို အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက် ပေးမည်ဟု ပြောကြားခဲ့ပါသည်။